လျှောက်ထားသူများတွှင် ရှိရမည့် သတ်မှတ် အရည်အချင်းများ
- အခြေခံပညာအထက်တန်း(ဒသမတန်း) သင်ယူဖြေဆိုဖူးသူဖြစ်ရမည်။
- သင်တန်းဖွင့်လှစ်သည့်နေ့တွင် အသက်(၁၇)နှစ်ပြည့်ပြီး (၂၅)နှစ် ထက်မကျော်လွန်သူ ဖြစ်ရမည်။
- ပြည်ထောင်စုမြန်မာနိုင်ငံသား တိုင်းရင်းသားဖြစ်ရမည်။
- သင်တန်းတွင်ချုပ်ဆိုရမည့် ၀န်ခံကတိစည်းကမ်းများကို လိုက်နာနိုင်သူဖြစ်ရမည်။
- ကျန်းမာရေးကောင်းမွန်သူ ဖြစ်ရမည်။
လျှောက်လွှာရရှိနိုင်သောနေရာများ နှင့်ပေးပို့ရန်နေရာများ
- စက်မှုသင်တန်းကျောင်း(မန္တလေး)၊ (၁၀)လမ်း၊ဒေါနဘွားရပ်၊အောင်မြေသာစံမြို့နယ်၊မန္တလေးမြို့။
ဖုန်း-၀၂-၃၆၂၁၇၊ ၀၂-၆၁၃၈၂၊ - စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ်(၃၀)၊ နေပြည်တော်။
လျှောက်လွှာနှင့် အတူ ပူးတွှဲ ပါရှိရမည့် စာရွက်စာတမ်းများ
- လျှောက်လွှာမူရင်း (၁)စောင်
- နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ (၁)စောင်
- လိုင်စင်ဓါတ်ပုံ (၃)ပုံ
- အကျင့်စာရိတ္တကောင်းမွန်ကြောင်းမြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ ထောက်ခံစာ(မူရင်း) (၁)စောင်
- အခြေခံပညာအထက်တန်း သင်ယူပြီးမြောက်ကြောင်း လက်မှတ်( မိတ္တူ ) (၁)စောင်
အခြေခံပညာအထက်တန်း သင်ယူဖြေဆိုဘူးကြောင်း ထောက်ခံစာ(မူရင်း)
- လျှောက်လွှာလက်ခံဖြတ်ပိုင်း (၁)စောင်
- သက်ဆိုင်ရာမြို့နယ်ဆရာဝန်၏ ဆေးထောက်ခံစာ (မူရင်း) (၁)စောင်
သင်တန်းတက်ရောက်ခွင့် ရရှိရေးအတွက် အင်္ဂလိပ်စာအခြေခံ၊ သင်္ချာအခြေခံနှင့် စက်မှုဗဟုသုတများအတွက် လူတွေ့နှုတ်မေး စစ်ဆေးခြင်းကိုဖြေဆိုရမည် ဖြစ်ပါသည်။ လူတွေ့ နှုတ်မေး စစ်ဆေးခြင်းကို မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ စက်မှုသင်တန်းကျောင်း( မန္တလေး)
တွင် ပြုလုပ်ပါမည်။ လူတွေ့ နှုတ်မေး ဖြေဆိုခွင့်ရရှိသူ အမည်စာရင်းကို လူတွေ့နှုတ်မေး စစ်ဆေးမည့်ရက် မတိုင်မီ ရက်သတ္တ (၁)ပတ် အလို၌ မန္တလေး တိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊စက်မှုသင်တန်းကျောင်း(မန္တလေး)တွင် ကြေငြာထားမည်ဖြစ်ပြီး၊ တယ်လီဖုန်းနံပါတ် ( ၀၂ - ၃၆၂၁၇ ) နှင့်
( ၀၂ - ၆၁၃၈၂ ) တို့တွင် စုံစမ်းမေးမြန်းနိုင်သည်။ လူတွေ့စစ်ဆေးရာတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား (မူရင်း)၊ အခြေခံပညာ အထက်တန်း သင်ယူပြီးမြောက်ကြောင်း လက်မှတ် (မူရင်း) (သို့မဟုတ်)အခြေခံပညာ အထက်တန်း သင်ယူဖြေဆိုဘူးကြောင်း ထောက်ခံစာ
(မိတ္တူ)နှင့် လျှောက်လွှာလက်ခံဖြတ်ပိုင်း တို့ကို တပါတည်း ယူဆောင်လာရမည်။သင်တန်းဝင်ခွင့်ရသူများအတွက် အောင်စာရင်းကို စက်မှုသင်တန်း ကျောင်း( မန္တလေး )တွင် ကြေငြာထားပါမည်။
သင်တန်းဝင်ခွင့် ရသူများ သည် မိမိအစီအစဉ်ဖြင့် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ စက်မှုသင်တန်းကျောင်း ( မန္တလေး ) သို့ သတ်မှတ်ရက်များတွင် အုပ်ထိန်းသူ တစ်ဦးနှင့်အတူ ကိုယ်တိုင်လာရောက် သတင်းပို့ရမည်။ သင်တန်းကာလ(၁)နှစ်ဖြစ်သည် ဝင်ခွင့်အောင်မြင်သူများအတွက် သင်တန်းတက်ရောက်စဉ် ကာလအတွင်း နေရာ ထိုင်ခင်းကို ဦးစားပေး အစီအစဉ်အလိုက် အသင့်နေထိုင်နိုင် သော ကျောင်းဆောင်များတွင် နေရာချထားပေးမည်။ သင်တန်းကျောင်းဝင်းအတွင်း အိပ်ဆောင် နေထိုင်သူသင်တန်းသားများအတွက် တစ်ဦးလျှင် လစဉ် စားရိပ်သာကြေးအား (၁၇၀၀၀)ကျပ် သတ်မှတ်ထားပါသည်။သင်တန်းကာလအတွင်း သင်တန်းသား/သူ အားလုံးသည် နက်ပြာရောင် (အင်္ကျီလက်တို၊ ဘောင်းဘီရှည်) တူညီယူနီဖောင်းကို ဝတ်ဆင်ရမည်။
စည်းကမ်းချက်များ
သင်တန်းသားများသည် အောက်ပါ သင်တန်းစည်းကမ်းများကို လိုက်နာကြရမည်-
(က) သင်တန်းကာလပြီးဆုံးအောင် တက်ရောက်ပါမည်ဟု သင်တန်းသားကိုယ်တိုင်နှင့် အုပ်ထိန်းသူတို့မှ ခိုင်မာသော ကတိဝန်ခံချက် လက်မှတ်ရေးထိုးရပါမည်။
( ခ) သင်တန်းကာလအတွင်း မည်သည့်စာမေးပွဲမှ ဖြေဆိုခွင့် မပြုပါ။
( ဂ) သင်တန်းသား/သူ များသည် သင်တန်းကာလအတွင်း ကျောင်းခေါ်ချိန်(၈၀%) ပြည့်မှသာ စာမေးပွဲဖြေဆိုခွင်ပြုပါမည်။
(ဃ) သင်တန်းကျောင်းမှ ဖြစ်စေ၊ စက်မှုဝန်ကြီးဌာနမှဖြစ်စေ အခါအားလျော်စွာ ထုတ်ပြန်သည့်စည်းကမ်းများ၊ အမိန့်နှင့် ညွှန်ကြားချက်များကို တိကျစွာ လိုက်နာရပါမည်။
သင်တန်းကာလ ပြီးဆုံးအောင် တက်ရောက်၍ အောင်မြင်သော သင်တန်းသားများအား သင်တန်းဆင်းပွဲ အခမ်းအနားတွင် အောင်လက်မှတ် ချီးမြှင့်ပါမည်။
0 comments:
Post a Comment