AD (728x60)

သင်တန်းကျောင်းအကြောင်း

သမိုင်းအကျဉ်း

    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရတို့အကြားစီးပွားရေးနှင့် ကျွမ်းကျင်မှုအတတ်ပညာ ပူပေါင်းဆောင်ရွက်ရေး
အစီအစဉ်အရ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အစိုးရမှ စိုက်ထုတ်ငွေ ( ၄၇၄၅.၈ )ကျပ်သန်း နှင့် တရုတ် ပြည်သူ့သမ္မတနိုင်ငံ အစိုးရမှ အထောက်အပံ့
ယွမ်သန်း(၃၀)တို့ကိုအသုံးပြုလျက် စက်မှုဝန်ကြီးဌာနနှင့်တရုတ်ပြည်သူ့သမ္မတနိုင်ငံ Institute of Planning and Project Research - IPPR Engineering International အဖွဲ့အစည်းတို့ပူးပေါင်းပြီး စက်မှုသင်တန်းကျောင်း(မန္တလေး)အားအကောင်အထည်ဖော်  ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည် ။ မြန်မာနည်းပြ(၄၂)ဦးကို
တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့ရှိ ကူမင်းသိပ္ပံနှင့် နည်းပညာတက္ကသိုလ်တွင် (၈.၉.၂၀၀၄)ရက်မှ(၂.၂.၂၀၀၅)ရက်နေ့ထိ(၅)လကြာ Engineering Training Program သို့တက်ရောက့် သင်ကြားလေ့ကျင့်ပေးခဲ့ပါသည်။သင်တန်းကျောင်းအဆောက်အဦ များအား စက်မှုဝန်ကြီးဌာန မြန်မာ့စက်ရုံနှင့် အဆောက်အဦများဆောက်လုပ်ရေးလုပ်ငန်းနှင့် IPPR Engineering International အဖွဲ့ကျွမ်းကျင်ပညာရှင်များပူးပေါင်းပြီး ၂၀၀၅ ခုနှစ်၊ ဧပြီလ(၃)ရက်နေ့တွင် စတင်ဆောက်လုပ်ခဲ့ပြီး ၂၀၀၈ခုနှစ်၊မတ်လ(၃၁)ရက် နေ့တွင်ဆောက်လုပ်ပြီးစီးခဲ့ပါသည်။ ၂၀၀၈ခုနှစ်၊သြဂုတ်လ(၂၉) ရက်နေ့တွင် သင်တန်းကျောင်းအား လွှဲပြောင်း လက်ခံခဲ့ပြီး ၂၀၀၈ခုနှစ်၊ အောက်တိုဘာလ(၁၆)ရက်မှစတင်ပြီးသင်တန်းများဖွင့်လှစ်ခဲ့ပါသည်။ 

ပါဝင်သောအဆောက်အဦများ 

၁။ Main Teaching & Office Buinding 
၂။ Special Purpose Teaching Laboratory 
၃။ Trainee's Practice Factory 
၎။ Sub-station 
၅။ Canteen 

တပ်ဆင်ထားသောစက်ပစ္စည်းများ 

၁။ Machining Workshop 60 Nos 
၂။ Stamping & Welding Workshop 25 Nos 
၃။ Electrical & Electorplating Workshop 82 Nos 
၎။ Foundry & Forging Workshop 52 Nos 
၅။ Laboratory 57 Nos 
Total 276 Nos

0 comments:

Post a Comment

 

Total Pageviews

Copyright © ITC(Mandalay) | Designed by itcmdy.blogspot.com